Dec 9, 2010

တဝက်ကဗျာ

ပန်းခရေပါမေ
နွမ်းလို့နေပေမယ့်
ရနံ့ရယ်ကမပြေ။

ပန်းခရေပါမေ
အဖိုးနည်းပေမယ့်
ရိုးရိုးသားသားမွှေးတယ်။

ပန်းခရေပါမေ
အကြွေပန်းပေမယ့်
သံယောဇဉ်တွေနဲ့သီခဲ့ပါတယ်။   ။





ဒီကဗျာကို ဆက်ရေးမယ်ဆိုရင် ဘယ်လိုအဆင်နဲ့ ဆက်ရေးရေးရပေမယ့် ဒီမှာတင် တမင်ရပ်ခဲ့ပါတယ်။
ကဗျာဖတ်တဲ့သူအတွက် ကိုယ့်ခံစားချက်နဲ့ ကိုယ်အဆုံးသတ်လို့ရအောင် ဖြစ်ပါတယ်။

No comments: