ညနေခင်းရဲ့လေညှင်းကသင်းသင်းသွဲ့သွဲ့
ကြွေနေတဲ့သစ်ရွက်တွေပေါ်မှာဖွဖွလျှောက်ရင်း
အိပ်တန်းဝင်ငှက်များရဲ့အသံကိုကြားတယ်။
မွန်းကျပ်တဲ့စိတ်ရဲ့ခံစားချက်များကိုရင်ဖွင့်ရင်း
ဘ၀ရဲ့အဓိပ္ပါယ်ကိုအဖြေရှာကြတဲ့
အဲ့ဒီညနေခင်းလေးမှာ
သူရယ်ကိုယ်ရယ်ရင်ဘတ်ချင်းထိစပ်ခဲ့တယ်။
အလင်းထဲမသိမသာရောတဲ့အမှောင်
ကြယ်တွေတောင်မစုံသေးဘူး
လမင်းကခရီးနှင်ခဲ့။ ။
နန်းညီရဲ့ဘလောဂ်မှာ commentအနေနဲ့ ရေးပေးထားဘူးတဲ့ ကဗျာလေးပါ။ ။
Aug 1, 2009
Jul 26, 2009
ကုန်ကြမ်း
တချို့က အောင်မြင်ကျော်ကြားမှုအတွက်
တချို့က ထင်ရှားပေါ်လွင်မှုအတွက်
တချို့က ဥစ္စာကြေးငွေအတွက်
တချို့က အတ္တရမ္မက်အတွက်
သူတို့...ရက်ရောကြတယ်
တော်တော်များများကတော့
လွတ်လပ်ပေါ့ပါးမှုအတွက်တဲ့
ပြောကြတာပဲ...
ကြည့်သောသူမြင်၏တဲ့
မကြည့်ချင်ပေမယ့် မြင်နေရတယ်
မမြင်ချင်ပေမယ့် ကြည့်နေရတယ်
ခက်တယ်ကွယ်...ခက်တယ်
လွန်တာရှိရင်လည်း ၀န္ဒာမိပါပဲ
ဝါးလုံးရှည်ကြီးနဲ့ ချီးသုတ်မရမ်းပါဘူး
ဒူရင်းသီးဆွဲပြီး(ဆူးလှည်းမောင်းပြီး)လူကြားထဲဖြတ်မိတယ်
မကျေနပ်လို့ဆဲမယ်ဆိုရင်လည်း...ခံပါတယ်
သြော်...
ကိုယ်ကကိုက အနေအထိုင်မတတ်တာကိုး...။ ။

Labels:
ကဗျာ
take my soul
နောက်ဆုံးရှင်သန်ခြင်းအလင်း
ပိတ်ထားတဲ့တံခါးတွေရိုက်ချိုးရင်း
အမှောင်မှာငါ့ကိုယ်ငါထွန်းညှိလိုက်တယ်
မင်းတို့ကျေနပ်နိုင်မလား။
တောင်းဆိုမှုတွေများလာတဲ့အခါ
ဘ၀မှာပေးဆပ်ဖို့ကအသက်ပဲကျန်တော့တယ်
ပေးနိုင်သမျှငါပေးဆပ်ခဲ့ပြီးပြီ
ဒီထက်မကထပ်လိုချင်သေးတယ်ဆိုရင်တော့
ဟောဒီမှာ...ငါ့ဝိဉာဉ်ကိုယူပါ။ ။
ပိတ်ထားတဲ့တံခါးတွေရိုက်ချိုးရင်း
အမှောင်မှာငါ့ကိုယ်ငါထွန်းညှိလိုက်တယ်
မင်းတို့ကျေနပ်နိုင်မလား။
တောင်းဆိုမှုတွေများလာတဲ့အခါ
ဘ၀မှာပေးဆပ်ဖို့ကအသက်ပဲကျန်တော့တယ်
ပေးနိုင်သမျှငါပေးဆပ်ခဲ့ပြီးပြီ
ဒီထက်မကထပ်လိုချင်သေးတယ်ဆိုရင်တော့
ဟောဒီမှာ...ငါ့ဝိဉာဉ်ကိုယူပါ။ ။
Labels:
ကဗျာ
အမေ
စုန်ကန်ကာခုန်မထွက်ပေမယ့်
အားယူပြီး...ကျွန်တော်ပျံသန်းခဲ့တယ်
ဘ၀ရဲ့လိုအင်အတွက်
ခဏတော့ခွဲကြမယ်။
ကံကြမ္မာရဲ့အလှည့်အပြောင်းတစုံတရာနဲ့
ဘ၀ရဲ့အချိုးအကွေ့များမှာ
အမေ့ရဲ့မေတ္တာနဲ့
အမေ့ရဲ့အားမာန်များ
ကျွန်တော်တမ်းတတယ်အမေ။
မှားနေလည်းအမှန်ကိုလျှောက်မယ်
လဲကျလည်းကျွန်တော်ပြန်ထမယ်
ကောင်းကင်နဲ့...ကမ္ဘာမြေရဲ့ကြားထဲ
အားတင်းနေဆဲ...
အမေ့ရဲ့ယုန်ဆိုးလေး...အိမ်ကိုသတိရတယ်အမေ။ ။

ဗိုလ်တထောင်(၅)
အနော်ရထာလမ်းနဲ့၄၅လမ်းထောင့်က
စိတ်ထဲမှာထောင်ကြီးနဲ့တူတယ်လို့
ထင်ခဲ့ဘူးတဲ့ကျောင်းတော်မှာ
တခါတုန်းကအဖြူရောင်ကြယ်ကလေးတွေ
တချို့ကအမှောင်ထဲမှာကြွေသွားတယ်
တချို့ကမှိတ်တုတ်မှိတ်တုတ်မထင်မရှား
တချို့ကလင်းလက်တောက်ပနေကြတယ်
အခုလည်းကျောင်းတော်ရဲ့ရင်ခွင်ထဲ
ဖြူစင်ပျော်ရွှင်စွာနဲ့ကြယ်ပွင့်များအားယူဆဲ
ပြန်မြင်ယောင်မိတယ်...ဟိုးအရင်နေ့စွဲတွေ။ ။

Jul 22, 2009
အတိုအစများ
အိပ်စက်လိုက်ရမှာ နှမျောပေမယ့် ညက ငါ့အလိုကျမလှပခဲ့ဘူး။
ဟိုးအဝေးကိုငေးပြီး အနာဂါတ်ကို လွမ်းချင်ပေမယ့် မှားနေတဲ့စိတ်ကူးဆိုတာ တွေးမိတော့ ကိုယ့်ကိုကိုယ်စိတ်ပျက်တယ်။ဝင်သက်ထွက်သက်မှတ်လည်း ပျံ့လွင့်နေတဲ့စိတ်ကို မစုစည်းနိုင်ဘူး။ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့တဲ့ အဆိပ်ငွေ့တွေ ငါရှုရှိုက်ရင်း ငါ့ရင်ဘတ်က အောင့်တတ်လာပြီ။ငါဟာဘာလို့ မိုက်လို့ကောင်းနေတာလဲ။ အချိန်အလေအလွင့်များစွာ၊ဒဏ်ရာဒဏ်ချက်များစွာ၊လေထဲမှာတည်ဆောက်ခဲ့တဲ့ စိတ်ကူးအိပ်မက်များစွာ၊ဟောဒီအသုံးမ၀င်တဲ့ငါ။ခဏခဏပြန်စရပေါင်းများနေတဲ့ဘ၀မှာ၊
အနေအထိုင်မတတ်လို့ ပျက်ခဲ့ရတဲ့ဘ၀မှာ၊နားလည်သိတတ်ပြီလို့ ထင်မိနေတဲ့ဘ၀မှာ ဘယ်မှာလဲ စိတ်ရဲ့ငြိမ်းချမ်းမှုတွေ။အတ္တ၊ရမ္မက်၊သာယာပျော်ရွှင်မှု၊အတိုအစတွေနဲ့ တည်ဆောက်ထားတဲ့ဘ၀ ဘယ်မှာလဲ အနှစ်သာရတွေ။ဖြုန်းတီးနေခဲ့ရင်းနဲ့ပဲ ဘ၀ကဒုတိယ အရွယ်၊သေပါမယ်ဆိုရင်တောင်မှ ဘ၀ကလောက်လောက်လားလား သေလို့မရသေးဘူး။
ကိုယ့်အကြောင်းကိုယ်သိတော့ သေဖို့တောင်ကြောက်နေရတဲ့ ဘ၀ တွေးမိတိုင်း ရှက်နေရတယ်။
အမှားကိုမြင်ပေမယ့် အမှန်မရောက်သေးတဲ့ ဘ၀ အသုံးမကျတဲ့ အတိုအစ ဒီလိုနဲ့ ပြီးသွားရမှာလား။မေးခွန်းပေါင်းများစွာ၊အတွေးပေါင်းများစွာ၊အိပ်မရတဲ့ညပေါင်းများစွာ၊အတိုအစ
ပေါင်းများစွာ၊လိုအပ်မှုများစွာ၊ခါးသီးမှုများစွာ၊မုန်းတီးမှုများစွာ၊ကြီးစွာသောနောင်တပေါင်းများစွာ၊
မနက်ဖန်ပေါင်းများစွာ၊.......................................................။
ညကမလှပပေမယ့် ငါကအိပ်စက်လို့ မရဘူး။

အတွေး
my family tree
FAMILY TREE
ဦးဘိုးထောင်+ဒေါ်မေမေ ဦးကြွား+ဒေါ်နှင်းခိုင်
ဦးလေတင်+ဒေါ်ရီရီ ဦးမောင်မောင်လတ်+ဒေါ်အေးအေးကြည် ဦးစိန်ဖိုး+ဒေါ်ခင် ဦးရွှေမောင်+ဒေါ်သင်းလှိုင်
ဗိုလ်တင်အောင်လှ(လေ)+ဒေါ်ခင်မကြီး ဗိုလ်မှူးညို(ကြည်း)+ဒေါ်သန်း
ဦးခင်မောင်မောင်+ဒေါ်ခင်မာဌေး
သက်နိုင်ထွန်း(TOM)၊ဥာဏ်လင်းထူး(ခ)ပေါ်ကြီး(NORMAN)၊အောင်ခန့်
ဦးဘိုးထောင်+ဒေါ်မေမေ
ဦးစိန်ဖိုး၊??????????????
ဦးကြွား+ဒေါ်နှင်းခိုင်
ဦးကျော်သာ(ဇံ)၊ဦးသာဒွန်း၊ဦးဘိုးထိုက်၊ဦးအောင်မြတ်၊ဦးဘိုးဝင်း၊ ဒေါ်ခင်
ဦးစိန်ဖိုး+ဒေါ်ခင်
ဒေါ်ညွန့်ညွန့်၊ဗိုလ်မှူးညို၊ဒေါ်ကျင်နု၊ဦးမောင်ဘို၊ဒေါ်တင်မေ
ဦးရွှေမောင်+ဒေါ်သင်းလှိုင်
ဒေါ်ကြည်ကြည်၊ ဒေါ်သန်း၊ဦးမောင်မောင်
ဗိုလ်မှူးညို+ဒေါ်သန်း
ဒေါ်ခင်မြင့်မြင့်၊ဦးတင်ထွဋ်(ခ)မြတ်ထွဋ်၊ဦးတင်မောင်(ခ)မောင်ကျော်၊ ဒေါ်ယဉ်ယဉ်မြ၊ဦးဖေသန်း၊ဒေါ်ချိုချိုသန်း၊ဒေါ်ညိုညိုသက်(ခ)ပိုပို၊ဦးအုန်းသွင်၊ ဒေါ်ခင်အုန်းမြင့်၊ဒေါ်တင်မေလေး(ခ)ပွားပွား၊ ဒေါ်ခင်မာဌေး(ခ)ခင်မာထွေး၊ဦးခင်မောင်အေး(ခ)လုံးဖြူ၊ဒေါ်စုစုထွေး
ဦးလေတင်+ဒေါ်ရီရီ
ဗိုလ်တင်အောင်လှ(လေ)အပါအဝင်သားသမီး၇ဦးရှိ
ဦးမောင်မောင်လတ်+ဒေါ်အေးအေးကြည်
ဒေါ်ခင်မကြီး(Dolly)၊ဒေါ်ခင်မလေး(Dorathy)၊ဒေါ်ခင်မာထွေး(Eiver)၊ဒေါ်ခင်နုနု(Shelly)
ဗိုလ်တင်အောင်လှ(လေ)+ဒေါ်ခင်မကြီး
ဒေါ်ခင်လှဝင်း(Babra)၊ဒေါ်ခင်လှနွယ်(Suzie)၊ဦးခင်မောင်မောင်(Tommy)၊ဒေါ်ခင်လှဌေး(Alice)၊ဒေါ်ခင်လှမော်
(Glarace)၊ဦးအောင်ချမ်းသာ(Victor)

family tree
Subscribe to:
Posts (Atom)