Dec 29, 2012

ငါ...နဲ့...ငါ့ရဲ့...အကြောင်း

ပြီး...ခဲ့တာတွေက


ငါ့အတွက်တော့...ပြီး...သွားခဲ့ပြီလေ။



တန်ဖိုး...နဲ့...သစ္စာ...ဆိုတာ

ငါ့အတွက်တော့...မှန်တချပ်ပေါ့

မင်း...ဖေါက်ထွင်းမြင်နိုင်သလို

မင်း...ကိုယ်မင်းလည်း...ပြန်မြင်မှာပါ။



အချစ်မှာ...အကြောင်းပြချက်...မရှိဘူးကလေးရေ

ခေါင်းစဉ်တွေ...လာလာ..မတပ်ပါနဲ့

ငါသိတဲ့...အချစ်...ဆိုတာ

နားလည်မှု...နဲ့...တည်ဆောက်...ယူရမယ့်အရာ

တချို့တွေ...အတွက်ကတော့

အချစ်...ဆိုတာကိုက...အကြောင်းပြချက်

ဖြစ်ချင်...ဖြစ်မှာပေါ့။



ငါဟာ...လူ...ထဲက...လူ...တယောက်ပါပဲ

ယောကျာ်း...တယောက်မှာလည်း

သ၀န်တိုခွင့်...တော့ရှိတယ်မလား။



မချုပ်...ချယ်ရက်ပါဘူး

မင်း...စိတ်နဲ့...မင်း...ကိုယ်

မင်း...ဆန္ဒအတိုင်းပါ

မြင်...နေတာတွေကို

ငါ...သတိ...ပေးချင်တာပါ။



ကိုယ့်ဘက်က...ရိုးသားပေမယ့်

တခြားတဘက်က...မရိုးသားတဲ့အခါ

နားလည်မှုဆိုတာ...အတိုင်းအတာ...ရှိလာလိမ့်မယ်။



တည်...ဆောက်ခဲ့သမျှ

ချည်...နှောင်ခဲ့သမျှ

ရစ်...ပတ်နွယ်ခဲ့သမျှ

မနာ...ကျင်ပါရစေနဲ့...ကွယ်။



ငါဟာ...မှန်..တချပ်ပါ

မင်း...ဖေါက်ထွင်းမြင်နိုင်သလို

မင်း...ကိုယ်မင်းလည်း...ပြန်မြင်မှာပါ။ ။

No comments: