Sep 28, 2010

ဧည့်သည်

ဘုရားပေးသလောက်ထဲမှာမှ
ကျနော်ဟာ ကိုယ်နဲ့တန်သလောက်ပဲ ရခဲ့တဲ့ကောင်ပါ
ဘဝကို နေတတ်အောင် ကြိုးစားနေရတယ်
ရောင့်ရဲနိုင်အောင် ကျင့်ကြံနေရတယ်
မစ္ဆိရ စိတ်တွေ မပွားချင်တော့ဘူး
ကိုယ့်အထာနဲ့ ကိုယ့်အထွာနဲ့ပေါ့။

ကိုယ်မတတ်နိုင်တာတွေအတွက်
ကိုယ့်စိတ်ကို ကိုယ်မညှင်းပန်းချင်တော့ဘူး
ထိလွယ် ငြိလွယ်တာတွေကိုလျော့
ဖြစ်တတ် ပျက်တတ်တာတွေကို မှတ်
ဘယ်အရာမှ မမြဲဘူးဆိုတာ
အသိမှာ သတိလေးကပ်မှ။   ။

ကဗျာလေးရဲ့ ခေါင်းစဉ်ကို မကြီး ခရခသ စဉ်းစားပေးထားတာပါ။
ကျေးဇူးတင်ပါတယ် မကြီးရေ။

No comments: