May 9, 2010

အချစ်ကဗျာ

အချစ်ကဗျာတပုဒ်လောက်ရေးမလားလို့
ခက်တာကအချစ်ကဗျာတွေမရေးချင်တော့တာ
အို...ငါ့ဝမ်းပူဆာမနေသာကွာ
ဒါနဲ့အချစ်အကြောင်းငါဘယ်လောက်သိလဲ???
ငါကချစ်တဲ့သူ???ငါ့ကိုချစ်တဲ့သူ???
ဘုရားဘုရား...ငါ့ရင်ဘတ်ထဲဘာမှမရှိပါလား
ငါဘာကိုရေးရမှာလဲ???
ငါဘာကိုမှမရေးရင်ပိုကောင်းမလား???
ငါ့နေရာကနေမင်းဝင်ရေးမလား???
မင်းဘယ်လိုမြင်လဲ???
မင်းမကြိုက်ရင်တော့မဖတ်နဲ့ကွာ ဟုတ်ပြီလား
ငါကတော့အချစ်ကဗျာလို့ခေါင်းစဉ်တပ်လိုက်ပြီ။   ။

No comments: