Aug 8, 2012

ရုတ်တရက်…ပြီးနောက်…ဆက်လက်ဖြစ်တည်မှု


သတိတွေ…ထား…နေခဲ့ရင်းနဲ့..မှ
အသိက…နောက်ကျပြန်လွန်းတယ်
မဟုတ်သေးဘူး
ဒါ…နောက်ကျောကို…ဒါး…နဲ့…ထိုးခဲ့တာ
သွေး…မထွက်ဘူး…လူ…မသေဘူး
ဒါပေမယ့်…ခံစားချက်…သေ…သွား…တယ်
လွယ်ပါတယ်…သိပ်ကို…လွယ်…ခဲ့…တယ်
သိပ်ကိုလွယ်ခဲ့လွန်းတော့လည်း
ပြန်…တွေးရင်…လွမ်းရတာပေါ့
ပြန်…ပြောရင်…အမှတ်ရတာပေါ့
မနာကျင်ပါဘူး
မထင်နဲ့…ငါက…ဟန်ဆောင်တတ်တယ်
ဘာမှ…မဖြစ်ဘူး/မဖြစ်ခဲ့ဘူး
အဲ့ဒီလို…နေတယ်/တွေးတယ်
ဒါပေမယ့်…ငါ့…ရင်ထဲမှာ
ဗလာ…..
ဗလာထည်ခံစားမှု…အကြောင်း….
သိစေချင်တယ်…ဆိုတာ
ကိုယ်တိုင်…ခံစားပြီးမှ
ဥပေက္ခာ…ဆိုတာကို…နားလည်တယ်/နားလည်လိမ့်မယ် ။  

No comments: