Jan 26, 2012

အလွမ်းပင်

ပန်မည်ဆို၍
ပွင့်ခဲ့ဖူးသည်
သို့သော်ပန်းဦး
နွမ်းခဲ့ဖူးသည်။

ကြွေပါဆို၍
ခြွေခဲ့သော်လည်း
တွေတတ်သူမှာ
ဝေခဲ့ပါသည်။

ရေမျှမလောင်း
ပေါင်းမသင်လည်း
သစ်အိုပင်သည်
သက်ငင်ရှာသည်။

သို့သော်ငြားလည်း
ပန်းကားမပွင့်
ပွင့်လေသည်မှာ
အလွမ်းများသာ။

သြော်...
နွမ်းပါးသူမှာ
အလွမ်းများစွာနဲ့
အလွမ်းများသာ...။   ။

မီးခဲ

အလင်းမဖြစ်မယ့်အတူတူ
ပြာဖုံးပြီး တငွေ့ငွေ့လောင်နေရမှာထက်စာရင်
ကိုယ့်ကိုယ်ကိုယ် ငြှိမ်းလိုက်တာကမှ
အားလုံးအေးသွားဦးမယ်
ကျေးဇူးပြုပြီး
လာလာမဆွကြပါနဲ့။   ။

အတ္တ

ပျော်သလိုနေထိုင်ခဲ့ပေမယ့်
ဘဝက   ထင်စလိုမပျော်ခဲ့ရဘူး
လူမှုဒုက္ခတွေက   သိပ်ကြီးလွန်းတယ်။

ကံကိုက   ဆိုးလွန်းတာလား
ကိုယ်ကိုယ်တိုင်ကပဲ   ညံဖျင်းလွန်းတာလား
ဘဝက   ပူလောင်လှလွန်းတယ်။

ဣသာ။
မုဒိတာ။
ဥပေက္ခာ။


သူရဲဘောနည်းလိုက်တာပဲ ကောင်းတယ်။   ။