Sep 29, 2011

ကြိုး

ပြန်မဆုံမယ့်အတူတော့

ဘာလို့ဆုတောင်းနေရမှာလဲ။


နှောင်ခဲ့သမျှ

ဘဝက နာခဲ့ရတယ်။


မညီမျှခြင်းတွေအတွက်

မျှော်လင့်ချက်တွေကန်းကုန်ကြပြီပဲ။


လမ်းမတူမှတော့ကွယ်

ရင်ဘတ်ချင်းလည်း လွဲပါစေတော့။


ငါကတော့ လွမ်းရဲတယ်။