May 25, 2010

ပါပါနဲ့မေမေ

May 24, 2010

ကြမ္မာ

ရေကိုလို၍
မိုးကိုမျှော်သည်
သို့သော်
မုန်တိုင်းခေါ်လာခဲ့လေသည်။   ။

May 23, 2010

ခေါင်းစဉ်တပ်မရသော

နိုးတဝက်အိပ်စက်ခဲ့သော ညကာလများသည်
ပြန့်ကျဲနေသော သောက်လက်စစီးကရက်များနှင့်
သီချင်းတပုဒ်မှ အဆုံးမသတ်ခဲ့ပါ။
အသက်နှင့်ပျော်ရွှင်မှုသည် တစစနှင့်
ကျနော့်အတွက် ပြောင်းပြန်အချိုးကျလာတော့သည်။
လိုချင်၍ယူခဲ့မိသော်လည်း ဘဝက နောင်တတွေသာရခဲ့ပါသည်။
ဟာနေပါသည်။
အရေးပေါ်ထွက်ပေါက်အဖြစ်
လူ့ဘဝ၏တံခါးပေါက်ကို ခဏခဏခေါက်ချင်နေခဲ့မိသည်။
ခေါက်ချင်နေသည်။   ။

May 22, 2010

switch

ကြည့်မှန်
ဘလိတ်ဓါး
မအီမသာဘဝ
အခန်းတံခါး...
ငါဂျက်ချထားတယ်။   ။

May 13, 2010

အားလို့ယားလို့ရေးလိုက်တဲ့ကဗျာ

က
3

င်
xxxxx
xxxxx
xxxxx
ဒါ၂၁ရာစု။   ။

May 9, 2010

အချစ်ကဗျာ

အချစ်ကဗျာတပုဒ်လောက်ရေးမလားလို့
ခက်တာကအချစ်ကဗျာတွေမရေးချင်တော့တာ
အို...ငါ့ဝမ်းပူဆာမနေသာကွာ
ဒါနဲ့အချစ်အကြောင်းငါဘယ်လောက်သိလဲ???
ငါကချစ်တဲ့သူ???ငါ့ကိုချစ်တဲ့သူ???
ဘုရားဘုရား...ငါ့ရင်ဘတ်ထဲဘာမှမရှိပါလား
ငါဘာကိုရေးရမှာလဲ???
ငါဘာကိုမှမရေးရင်ပိုကောင်းမလား???
ငါ့နေရာကနေမင်းဝင်ရေးမလား???
မင်းဘယ်လိုမြင်လဲ???
မင်းမကြိုက်ရင်တော့မဖတ်နဲ့ကွာ ဟုတ်ပြီလား
ငါကတော့အချစ်ကဗျာလို့ခေါင်းစဉ်တပ်လိုက်ပြီ။   ။

May 6, 2010

စိတ္တဇ

ကိုယ့်စိတ်နဲ့ကိုယ်ချောင်ပိတ်မိနေတဲ့အခါ
ဒီဘ၀ဒီခန္ဓာကိုငါငြိုငြင်ခဲ့ပါရဲ့
မွန်းကျပ်လိုက်တာ
ငါလိုနေတာကိုငါကိုယ်တိုင်ကသိ/မသိ???
ငါ့ဘက်ကနေပဲငါကြည့်တယ်
ငါမမှားဘူး
အကြောင်းပြချက်ကောင်းကောင်းမရှိပေမယ့်
ငါကငါ့ကိုငြီးငွေ့နေတဲ့အခါ
အသက်ထက်ပိုကြီးလာတဲ့အတ္တနဲ့
ထင်သလောက်အသုံးမကျတဲ့ဘ၀မှာ
အလိုလိုနေရင်မျက်စိကျဉ်းလာတယ်
ငါအသက်ရှုမ၀တော့ဘူး
အစတွေဆွဲမထုတ်ချင်တော့ဘူး
အမျှင်တွေမတန်းချင်တော့ဘူး
ချည်ပြီးသားကြိုးတွေနဲ့တင်
(ဘ၀က)နေလို့ထိုင်လို့မကောင်းဘူး
နေလို့ထိုင်လို့မကောင်းတော့ဘူး။   ။

May 4, 2010

ချစ်ညီမလေးသို့

ချစ်ညီမလေးသို့
(1)ကျန်းမာရေးကိုအထူးဂရုစိုက်ပါ
(2)အအိပ်၊အစားမှန်ပါစေ
(3)ခြေစောင့်၊လက်စောင့်ငွေထားပါ
(4)မိမိရည်မှန်းချက်ကိုလမ်းမလွဲပါစေနှင့်
(5)မိတ်ဆွေသူငယ်ချင်းများများထားပါ
(6)မိမိကိုယ်ထက်သူတပါးအားမယုံကြည်ပါနှင့်
(7)စိတ်လှုပ်ရှားမှုများကိုသေသေချာချာပြန်ဆန်းစစ်ပါ
(8)တဒင်္ဂပျော်ရွှင်မှုများကြောင့်မိမိ၏တန်ဖိုးကိုမနိမ့်ကျပါစေနှင့်
(9)အမျိုး၊ဘာသာ၊သာသနာကိုစောင့်ထိန်းပါ
(10)နိုင်ငံရေးမလုပ်ပါနှင့်
(11)မိမိပတ်ဝန်းကျင်ကိုဆန်းစစ်ပါ
(12)မိမိကိုယ်ကိုဝေဖန်ပါ
(13)ကိုယ့်အားကိုယ်ကိုးပါ၊သူတပါးကိုအားမကိုးပါနှင့်
(14)ဆန့်ကျင်ဘက်လိင်များအားမယုံကြည်ပါနှင့်
(15)သူငယ်ချင်းကိုချစ်ပါ၊သို့သော်အလိုမလိုက်ပါနှင့်
(16)လောကကြီးကိုအကောင်းမြင်ပါ
(17)ခေတ်သစ် “အ”သုံးလုံးကျေပါစေ(အင်္ဂလိပ်စာ၊အင်တာနက်၊အိုင်တီ)
(18)စာများများဖတ်ပါ၊သို့သော်စိတ်ကူးမယဉ်ပါနှင့်
(19)စိတ်ကိုအလိုမလိုက်ပါနှင့်
(20)အိမ်ထောင်ရှိသောသူ၊ရှုပ်ပွေသောသူ၊ရည်းစားများသောသူတို့နှင့် အရောတ၀င်၊နီးကပ်စွာမနေပါနှင့်
(21)“GIVE N TAKE” ဟူသောစကားကို အမြဲသတိရ၊နားလည်နေပါ
(22)ချိုသာစွာပြောတတ်သော၊စိတ်ဝင်စားအောင်ပြုတတ်သောသူများကိုသတိထားပါ၊အန္တရာယ်ရှိတတ်သည်
(23)အတိတ်ကိုအခြေခံ၍ပစ္စုပန်ကောင်းအောင်ကြိုးစားပြီးအနာဂါတ်အတွက်ပြင်ဆင်ပါ
(24)အမှားအယွင်းကိုအကျင့်မဖြစ်ပါစေနှင့်
(25)အမှားကိုလက်ခံပါ၊ထိုအမှားမှသင်ခန်းစာယူပါ
(26)မိမိကြောင့်သူတပါးမထိခိုက်ပါစေနှင့်
(27)သူတပါးကြောင့် မိမိကိုယ်ကိုအထိခိုက်မခံပါနှင့်
(28)Dairyရေးပါ
(29)အနန္တော၊အနန္တငါးပါးကိုအမြဲဦးထိပ်ထားပါ
(30)စိတ်တည်ငြိမ်မှုရစေရန်တရားထိုင်ပါ

သိလို့၊တတ်လို့တော့မဟုတ်ပါဘူး။အတွေ့အကြုံလေးတွေကိုမျှဝေတာပါ။
အဟောင်းလေးပါပဲ။ပထမကတော့ သူငယ်ချင်းညီမလေးနိုင်ငံခြားထွက်တော့ ရေးပေးလိုက်တာ။
ခုတော့ကိုယ့်ညီမ၀မ်းကွဲ နိုင်ငံခြားထွက်အလုပ်လုပ်တော့မယ်ဆိုတော့ သတိတရနဲ့ထပ်တင်ဖြစ်တယ်လေ။

May 2, 2010

ကျမမှာ ခံစားချက်တွေရှိတယ်

ကျမမှာ ခံစားချက်တွေရှိတယ်
ပျော်လို့တော့ ဘယ်ဟုတ်မလဲအကို
အရှက်နဲ့လူလုပ်မရတော့
နေ့စဉ်လူမှုဘ၀အတွက် ကျမရင်းနှီးလိုက်တာ
ဘာကိုလက်ညှိုးထိုးရမှာလဲ အကို
ရောင်းသူနဲ့ဝယ်သူ အသံတူဖို့ပဲလိုတယ်လေ
တခါတလေတော့လည်း အလှူပေါ့အကို
မရှိတဲ့သူဆီကမှ လိုချင်နေတဲ့သူကို
ရှိတဲ့ဟာလေးထိုးကျွေးလိုက်ရတာ
ကုသိုလ်ရကောင်းပါရဲ့
ဒီလိုပါပဲအကို
တချို့က မြေနိမ့်ရာလှံစိုက်တတ်ကြတယ်
တချို့က ခဏခဏခံတွင်းပျက်တတ်ကြတယ်
တချို့က...(အကိုပဲတွေးကြည့်တော့အကို)
မိုးရွာနေတုန်းလေး ရေခံရတယ်အကို
ရေဆေးလို့လည်း ဘ၀ကအပျိုမှပြန်မဖြစ်တာ
(ဘယ်လောက်ငိုချင်ချင်)
ကျမနောက်မှာပါးစပ်ပေါက်တွေရှိတယ်
ဒါတွေကိုရှင်နားမလည်ပါဘူး အကို
ဘယ်သူမှလည်း နားလည်မပေးကြပါဘူး
ကျမတို့အတွက်ကတော့
အမေပေးတဲ့လယ်တကွက်
ထမင်းမငတ်ဖို့ ရင်းတတ်နေပြီ
ရင်းတတ်ရမယ်လေအကို
ဒါဟာဘ၀ရပ်တည်ခြင်းတခု
ဒါဟာအမှန်တရားပါ အကို
ကျမမှာလည်း ခံစားချက်တွေရှိပါတယ်
ကျမမှာလည်း ခံစားချက်တွေရှိတယ်
ကျမမှာ ခံစားချက်တွေရှိတယ်။   ။

May 1, 2010

လူမုန်းများတဲ့ကောင်@ကျွန်တော်ဒဿ လူမုန်းများသည်

အချစ်ရှုံးသမား ဒဿဂီရိ
ဒဿဂီရိသည် အချစ်ရှုံးသမား
လူမုန်းများရုံသာမက စစ်ကိုပါရှုံးခဲ့ရသည်
အပြုံးတခုတွင် ငြိတွယ်မိရာမှအစပြု၍
ရာဇ၀င်တွင်စာတင်လောက်အောင်ပင်
လူမုန်းများခဲ့သောဒဿဂီရိ
ထို့ကြောင့် အပြုံးများကိုကျွန်တော်ကြောက်သည်
ထိုသို့အပြုံးကိုကြောက်သောကြောင့်
တတ်နိုင်သလောက်ကျွန်တော်မပြုံးပါ
ထို့ကြောင့်ကျွန်တော့်ကိုလူမုန်းများသည်
ကိစ္စမရှိပါ
ကျွန်တော်သည်ဒဿဂီရိလိုကောင်ဖြစ်သည်
ကျွန်တော်သည်သူပုန်တယောက်ဖြစ်သည်
လူလုပ်ဥပဒေမှန်သမျှကိုဖောက်ဖျက်ချင်သူဖြစ်သည်
ရင်ဘတ်ထဲတွင်မီးလောင်နေသော်လည်း
ကျွန်တော်အစားအသောက်မပျက်ခဲ့ပါ
တဘက်သားခံစားနေရသောအချိန်တွင်
ကျွန်တော်ရုပ်မပျက်တတ်ခဲ့ပါ
ထို့ကြောင့်ကျွန်တော့်ကိုနားမလည်ကြပါ
ထို့ကြောင့်ကျွန်တော့်ကိုအကောင်းမမြင်ကြပါ
ထို့ကြောင့်ကျွန်တော့်ကိုလူမုန်းများသည်
မုန်းကြပါစေ
လူတယောက်ကိုမုန်းရတာပျော်ဖို့ကောင်းလျှင်
ကျွန်တော့်ကိုမုန်းကြပါစေ
သို့မဟုတ်
ကျွန်တော့်ကိုမုန်းခြင်းသည်ပျော်စရာကောင်းပါလျှင်
လူမုန်းများခြင်းသည်လည်းကျွန်တော့်အတွက်ဂုဏ်တခုဖြစ်သည်
ဘာပဲဖြစ်ဖြစ်ကျွန်တော်ဂရုမစိုက်ပါ
ထို့ကြောင့်ကျွန်တော်လုပ်ချင်ရာလုပ်သည်
ထို့ကြောင့်ကျွန်တော်နေသာသလိုနေသည်
ထို့ကြောင့်ကျွန်တော့်ကိုလူပိုမုန်းသည်
လူတွေကကျွန်တော့်ကိုမုန်းကြသောအခါ
လူတွေကိုချစ်ဖို့ကျွန်တော်မကြိုးစားပါ
ဘယ်တုန်းကမှလည်းမကြိုးစားခဲ့ဘူးပါ
ထို့ကြောင့်ကျွန်တော်အချစ်ငတ်ခဲ့သည်
သို့သော်ယနေ့အထိကျွန်တော်မချစ်တတ်ခဲ့ပါ
အဘယ်ကြောင့်ဆိုသော်
ကျွန်တော်သည်လူမုန်းများသောသူဖြစ်သောကြောင့်ဖြစ်သည်
ထို့ထက်ပို၍ပြောရလျှင်
ကျွန်တော်သည်ကျွန်တော့်ကိုယ်ကျွန်တော်မုန်းသောကြောင့်ဖြစ်သည်။   ။

VILLAGGIO

လစာထုတ်ရက်၊အလုပ်နားရက်တိုက်တော့ အပြင်ထွက်ဖြစ်တယ်။အပြင်မသွားတာ တော်တော်ကြာလှပေါ့လေ။
ဘာမှလည်းမဟုတ် ဘယ်မှလည်းမရောက် အရင်နေရာဟောင်းကိုပဲ ပြန်ရောက်သွားတယ်။တကိုယ်တော်ခရီး။
ပူချက်ကတော့ လန်ထွက်နေတာပဲ။နောက်တခါထွက်ချင်စိတ်ကိုမရှိတော့ဘူး။ရိုက်မိတဲ့ဓါတ်ပုံလေးတွေတင်
လိုက်ပါတယ်လေ။
ဒါကတော့ ကိုယ်လုပ်နေတဲ့ဆိုင် ဆိုပါတော့။




ဘာရယ်ညာရယ်တော့မဟုတ်ဘူး။အငြီးပြေလေးပေါ့။ဒီလိုအချိန်မှာ သူငယ်ချင်းတွေကိုအရမ်းသတိရတယ်။