Mar 30, 2010

သံသရာ

တူဖြစ်လာတဲ့ဘ၀မှာ
ကောင်းကောင်းနှံတတ်ခဲ့မှတော့
ပေဖြစ်လာတဲ့ဘ၀မှာ
ဘယ်လိုငရဲမျိုးကိုတွေးကြောက်မှာလဲ
ဘာကိုမှစဉ်းစားမနေနဲ့။

အလှည့်ကျရင်တော့ မနွဲ့ကြစတမ်းပေါ့
မင်းရဲ့ဆန္ဒနဲ့ မင်းရဲ့ကိုယ်
ငါဘာကိုမှ မပြောလိုဘူး။

ကန်ပါ
မင်းစိတ်ကြိုက်ကန်နိုင်ပါတယ်
ဒါပေမယ့်...
မင်းကန်တဲ့ဘောလုံးဟာ
မင်းဂိုးပေါက်ထဲကိုတော့...မရောက်ပါစေနဲ့။ ။