Aug 1, 2009

ညနေပုံပြင်

ညနေခင်းရဲ့လေညှင်းကသင်းသင်းသွဲ့သွဲ့
ကြွေနေတဲ့သစ်ရွက်တွေပေါ်မှာဖွဖွလျှောက်ရင်း
အိပ်တန်းဝင်ငှက်များရဲ့အသံကိုကြားတယ်။

မွန်းကျပ်တဲ့စိတ်ရဲ့ခံစားချက်များကိုရင်ဖွင့်ရင်း
ဘ၀ရဲ့အဓိပ္ပါယ်ကိုအဖြေရှာကြတဲ့
အဲ့ဒီညနေခင်းလေးမှာ
သူရယ်ကိုယ်ရယ်ရင်ဘတ်ချင်းထိစပ်ခဲ့တယ်။

အလင်းထဲမသိမသာရောတဲ့အမှောင်
ကြယ်တွေတောင်မစုံသေးဘူး
လမင်းကခရီးနှင်ခဲ့။ ။


နန်းညီရဲ့ဘလောဂ်မှာ commentအနေနဲ့ ရေးပေးထားဘူးတဲ့ ကဗျာလေးပါ။ ။